ပန်းတောင်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မှုအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၇

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး "ဒို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မှုအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ "ဒို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မှုအသိပညာပေးမြေစိုက်ပိုစတာ(Billboard) (21´×9´6") အား ဥသျှစ်ပင်မြို့၏ လူစည်ကားရာ လူသွားလူလာများသောနေရာဖြစ်သည့်  လမ်းလေးခွစုံနေရာတွင် စိုက်ထူခဲ့ပြီး ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) ဦးမြင့်ဌေးတို့မှ  "ဒို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မှုအသိပညာပေးမြေစိုက်ပိုစတာ(Billboard) (21´×9´6")အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များက "ဒို့အတူတူမဲ ပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" အသိပညာပေးလက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများဖြစ်သည့် ဥသျှစ်မြို့စျေးရှေ့နှင့် စျေးဝန်းအတွင်းရှိ ရောင်းဝယ်ဖောက်ကားနေသော ဈေးသည်များ၊ ဈေးသူ ဈေးသားများနှင့် လမ်းသွားလမ်းလာပြည်သူများထံသို့ အသိပညာပေးဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)