မြို့သစ် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့လုလင်ကျေးရွာကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ ဆရာဦးဌေးလွင်က ကျောင်းသားလူငယ်များ အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် အသိပညာပေးစာအုပ်စာစောင်များ၊နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)