ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ရှူခြင်းဖြင့်ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်တွင်ပါရှိသည့်အကြောင်းအရာများကို ဆွေးနွေးကြရာ Book Club အဖွဲ့ဝင်ဦးချစ်ထွေးက “ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ ပညာရေးတက္ကသိုလ်၏ တစ်ထောင့်တစ်နေရာမှာ” ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများကလဲ ဆွေးနွေးမူများအပေါ် သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)