ပေါင်းတည် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေမှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ကြရာ၌ မြို့နယ်အတွင်းလူစည်ကားရာနေရာ ဈေး(၁)၊ ဈေး(၂)ရပ်ကွက်များအတွင်းရှိ လမ်းမများတွင် သွားလာနေကြသော ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြပြီး မြို့မဈေးအတွင်း၌လည်း ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ဆက်လက်ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား