ရေနံချောင်း ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့မှ နေအိမ်ပြင်ပ ထွက်ခွာသွား လာသူများအား ကိုဗစ်-၁၉ ရောဂါက ကြိုတင်ကာကွယ်ရေးအတွက် နှားခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မစျေးနှင့် ရတနာဈေးထိပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချူပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်၊ မြို့နယ်ပုဂ္ဂလိက ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ရေနံချောင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် ရဲတပ်ကြပ် ဇော်သူထွန်းနှင့် တပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းသွားလမ်း လာပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် များနှင့် နှားခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး