မင်းလှ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင်(၂၀၀၀၀) ကျပ်နှုန်းစီပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရေးအဖွဲ့ခေါင်းဆောင် ဦးလှဌေးနှင့် အဖွဲ့ဝင်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် မင်းလှမြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာပြည်သူ (၂၆၂) ဦးကို တစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းစီဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွက် ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်ထံ အရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)