ကသာ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ရန်လျာထားသည့် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီအချိန်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများရှိ စာသင်ခန်းများ အလင်းရောင်ကောင်းမွန်စွာရရှိမှု၊ ရေ၊ မီးပြည့်စုံကောင်းမွန်မှု ရှိ/မရှိ၊ မဲရုံနေရာကျယ်ဝန်းမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအခြေအနေများကို ကြည့်ရှုခဲ့သည်။
ကသာမြို့နယ်တွင် ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေခံပညာကျောင်းများမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)