ပေါင် ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၌ စိန်ပန်းစျေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သဘာပတိ(စိန်ပန်းစျေးသမဝါယမအသင်းဥက္ကဋ္ဌ)ဦးသန်းမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိဒေါ်သင်းသင်းယုနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအေးမင်းတို့က စိန်ပန်းစျေးသမဝါယမအသင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများက ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ အမှုဆောင်အစီရင်ခံစာနှင့် အသင်းစာရင်းစစ် အစီရင်ခံစားများ ဖတ်ကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသော အသင်းသားတစ်ဦးလျှင် စားသုံးဆီ၊ ဟင်းခတ်အချိုမှုန့်နှင့် ကိုယ်တိုက်ဆပ်ပြာများအား ပေးအပ်ခဲ့ပြီး အသင်းမှအနားယူသွားသော အသင်းဝန်ထမ်းဟောင်း (၅) ဦးအား ဂါရဝ လက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
မွန်မလေး (ပြန်/ဆက်)