မြင်းမူမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်း ဒီဇင်ဘာ ၁၇

မြင်းမူမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ ပါဝင်မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေး - မုံရွာကားလမ်းမပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေပြီး မော်တော်ယာဉ်များအား စတစ်ကာများ ကပ်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်