ကျိုက်ထို ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကော့ထင်းကျေးရွာ၊ ကံနံပိုင်းလမ်း(ဒုတိယပိုင်း) ကတ္တရာခင်းခြင်းနှင့် ၄ပေ Box Culuvert (၁)စင်း ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအား ကျိုက်ထိုခရိုင် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဦးထွန်းထွန်းဝင်း (ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီးဒေသထွက် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူ ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ (၇.၃၆၃)သန်းဖြင့် ကော့ထင်းကျေးရွာ ကံနီပိုင်းရှိ ၄ပေ Box Culuvert (၁)စင်းဆောက်လုပ်ခြင်းကို ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ၂၀၂၅ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြီးစီးပါကြောင်းနှင့် ရန်ပုံငွေ (၁၆၂.၅၃၃)သန်းဖြင့် ကံနီပိုင်းလမ်း(ဒုတိယပိုင်း) ၂၆၆၅ပေ ကတ္တရာခင်းခြင်းလုပ်ငန်းကို၂၀၂၅ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာ (၁၂)ရက်နေ့တွင်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)