ကျိုက်မရော ဒီဇင်ဘာ ၁၇
မွန်ပြည်နည် ကျိုက်မရောမြို့နယ်ဥပဒေရုံးမှကြီးမှူးကျင်းပသော ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျိုက်မရော မြို့နယ်ဥပဒေရုံး မြို့နယ်ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူလူထုတစ်ဦးချင်းစီ၏ အခွင့်အရေးများမဆုံးရှုံးစေရန် ဆန္ဒမဲပေးရာတွင် လိုက်နာရမည့် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများ၊ မဲဆန္ဒရှင်အမည်စာရင်းများကို တတိယအကြိမ် ထပ်မံကြေငြာပေးသွားမည်ဖြစ်ရာ မိမိတို့၏ အမည်များအားမဲစာရင်းတွင် ပါ/မပါ ထပ်မံ၍ ကြည့်ရှုသင့်ကြောင်း၊ မဲပေးသည့်.နေ့၌ မဲဆန္ဒရှင်ဏြည်သူများလိုက်နာရမည့် စည်းမျဥ်းများ၊ အချက်အလက်များအာပြည်သူများသိရှိ လိုက်နာနိုငိစေရန် အသိပညာပေးဆွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်သူများ၏ သိရှိလိုသည့် မေးခွန်းများကို ဥပဒေအရာရှိနှင့် တာဝန်ရှိသူများကဖြေကြားပြီး “ဒို့အတူတူမဲပေးကြမယ်၊ “ပညာ ပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)