ကြို့ပင်ကောက် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေး (၂)နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများသည် လယ်ယာထွက်ကုန်များတွင် ပြည်ပပို့ကုန်များနှင့် စားသုံးသူပြည်သူများ ထိခိုက်နိုင်သော ဓာတ်ကြွင်းကျန်ရှိမှုများသောကြောင့် အဆိုပါပိုးသတ်ဆေးအား ရောင်းချခြင်းမပြုရန်နှင့် အမိန့်ညွှန်ကြးချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း တောင်သူများ၏ စိုက်ပျုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော သီးနှံများရရှိရေးတို့အတွက် စံချိန်စံညွှန်းနှင့် ကိုက်ညီသော မြေဩဇာ ပိုးသတ်ဆးများကိုသာ ရောင်းချသွားရန် အသိပညာပေးဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်ဆက်)