မရမ်းကုန်း ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့၏ ဦးဆောင်စီစဉ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း(၄)သင်းအား ယမန်နေ့ နံနက်ပိုင်းက ငါးအချိန်ပိဿာ(၆၀)ကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါသင့်တင့်မျှတသော စျေးနှုန်းဖြင့်ရောင်းချစေရေးအတွက် မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးနိုင်က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးသမာဓိ ရောင်းဝယ်ရေးအသင်း၊ ရွှေမြန်မာ ရောင်းဝယ် ရေးအသင်း၊ ရောင်နီဦးရောင်ဝယ်ရေးအသင်း၊ အောင်တံခွန် ရောင်းဝယ်ရေးအသင်း တို့အားဖြန့်ဖြူး ရောင်းချ ခဲ့ကြောင်းသိရသည်။
အေးအေးအောင်( ပြန်/ဆက်)