ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှုအား ကွင်းဆင်းဆောင်ရွက်

ပေါင် ဒီဇင်ဘာ ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများက ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် စစ်တမ်းကောက်ယူရာတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးစစ်တမ်းကောက်ယူရေးနှင့်ပတ်သက်သည့်ရည်ရွယ်ချက်နှင့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထိုသို့စစ်တမ်းကောက်ယူရာတွင် ကျေးရွာ(၁၅)ရွာရှိ တောင်သူ(၇၀၀)ဦးအား ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး စစ်တမ်းများကောက်ယူခဲ့သည်။ ပေါင်မြို့နယ်အနေဖြင့် သီနှံများအလိုက် ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးကို စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရာသီအလိုက် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)