နတ်မောက် ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် လူငယ်/လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်များ ပိုမိုလေ့လာနိုင်စေရန်နှင့် အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းကျောင်း(စျေးရပ်)ရှိ ကျောင်းသား/သူလေးများက မြန်မာစာ/မြန်မာစကားစာအုပ်မှ ထုတ်နုတ်ထားသည့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း