ဖောင်းပြင် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပညာရေးဌာနကကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ဘင်ခရာအဖွဲ့၊ အားကစားသမားများနှင့် အခမ်းအနားသို့တက်ရောက်လာသူတို့က နိုင်ငံတော်အလံအား အလေးပြုကြပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်အား ရွတ်ဆိုကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး အဖွင့်ပွဲစဉ်အဖြစ် အ.လ.က-ရွှေညောင်ပင်အသင်းနှင့် အမက-မယ်ဇလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ကျောင်းပေါင်းစုံ မူလတန်းအဆင့် ကျောင်းသားအသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၄-၁-၂၀၂၆ ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)