မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရေနံချောင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ရေနံချောင်း ဒီဇင်ဘာ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို မန်နေ့မွန်းလွဲ နာရီက အဆိုပါတက္ကသိုလ်ရှိ ပတ္တမြားခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မကွေးတိုင်းဒေသကြီး၏ ဘွဲ့ရပညာတတ်များဖြစ်လာမည့် လူငယ်အင်အားသစ်တွေကို ကြိုဆိုတဲ့ အရေးပါတဲ့အခမ်းအနားဖြစ်ပါကြောင်း၊လူငယ်ကောင်းမှ အနာဂတ်ကောင်းမယ်ဆိုတဲ့စကားဟာ ဒီနေ့အချိန်မှာ ပိုပြီးအဓိပ္ပါယ်ရှိကြောင်း၊ မောင်မယ်သစ်လွင်တွေဟာ ဒေသရဲ့အနာဂတ်၊ နိုင်ငံရဲ့အနာဂတ်ကို ဆက်လက်တာဝန်ယူမယ့် လူငယ်တွေဖြစ်တဲ့အတွက် မောင်တို့မယ်တို့ကို လှိုက်လှဲစွာကြိုဆိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်များကိုယ်စား သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာကျော်ဆွေဦးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ရူပဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြတ်ရွှေဝါက သိပ္ပံဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း မိတ်ဆက်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရေနံချောင်းတက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက တက္ကသီလာရေနံ့သာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အနုပညာအသင်းအား ဂုဏ်ပြုဆုငွေငါးသိန်းကျပ်ကို ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးထံသို့ ချီးမြှင့်ပေးအပ်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မောင်မယ်သစ်လွင် ၁၆၅ ဦးအား ရင်းရင်းနှီးနှီးနှုတ်ခွန်းဆက် အားပေးစကားပြောကြားကာ ရေနံချောင်းတက္ကသိုလ် ဘသာရပ်ဌာနအသီးသီးမှ ခင်းကျင်းပြသရောင်းချလျက်ရှိသည့် ဈေးရောင်းပွဲတော်နှင့် Campus Tour အစီအစဉ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)