ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ဂီတအစည်းအရုံးနှစ်ပတ်လည်နှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဒဂုံ(ဆိပ်ကမ်း)   ဇန်နဝါရီ  ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ပိတောက်ကွေ့ လမ်းပေါ်ရှိ မြို့နယ်ဂီတအစည်းအရုံးခန်းမ၌ ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ဂီတ အစည်းအရုံး နှစ်ပတ်လည်နှင့် ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌတေးရေး တေးဆို(ပြည်)လှိုင်မင်းအောင်က နှစ်ပတ်လည် မင်္ဂလာနှစ်သစ် ဆုတောင်းမေတ္တာ အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ဝင်များနှင့် ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြသည်။

ထို့နောက် မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌ(ငြိမ်း)ဂီတစာဆိုဦးမောင်မောင်လေးနှင့်ဇနီး တေးသံရှင် မြစံပယ်ဖြူတို့က ရုံးသုံးရန်အတွက် ကျွန်းဘီဒို(၁)လုံး ၊တေးသံရှင်ဝေယံစိုး (ကျောင်းကုန်းမြို့) ကငွေကျပ်(၁)သိန်းနှင့် ငြိမ်းချမ်းစိမ်းလန်းစာကြည့်တိုက်အတွက် ငွေကျပ ်(၅)သောင်းနှင့်မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ (ငြိမ်း) ဦးမြင့်ဆွေက် ပန်ကာ(၁)လုံးတို့ကို လှူဒါန်းရာ မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌတေးရေး တေးဆို(ပြည်) လှိုင်မင်းအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဂီတဦးယုမောင်တို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ ်ကြောင်း သိရသည်။

 မြို့နယ်ဂီတအစည်းအရုံး နှစ်ပတ်လည်နှင့် ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်းအခမ်းအနားတွင် မြို့နယ်ဂီတ အစည်းအရုံးဥက္ကဋ္ဌ တေးရေးတေးဆို(ပြည်)လှိုင်မင်းအောင်နှင့်ဒုတိယဥက္ကဋ္ဌ ဂီတဦးယုမောင် တို့နှင့် အသင်းအဖွဲ့ ဝင်များ တက်ရောက်ကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)