ကျောက်ကြီးမြို့နယ်၌ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အစား FWA (Fixed Wireless Access) နည်းပညာ စနစ်သို့ ပြောင်းလဲ အသုံးပြု

ကျောက်ကြီး ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့၌ ယမန်နေ့က စတင်ပြီး အော်တိုတယ်လီ ဖုန်း(ကြိုးဖုန်း) အစား အော်တိုတယ် လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်း လဲ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ယခင်က လက်လှည့်တယ်လီဖုန်းများကို သာအသုံးပြုပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) များကို ပြောင်းလဲအသုံးပြုခဲ့ရာ ယခုအခါ ၂၀၂၁ ခုနှစ်မှစတင်၍ FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်းလဲတပ်ဆင် အသုံးပြုသွား မည်ဖြစ်သည်။ ကျောက်ကြီးမြို့၌ အော်တို အိတ်ချိန်းအသုံး ပြုဧရိယာအတွင်းရှိ (ကြိုးဖုန်း) အသုံးပြု သုံးစွဲနေသည့် မြို့နယ်ဌာနဆိုင်ရာ ရုံးများ၊လုပ်ငန်းရှင်များ၊အိမ်ဖုန်းများစုစုပေါင်း (၁၆၅)လုံးရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှစတင်၍ (၆၉) လုံး ပြောင်းလဲတပ်ဆင် ပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသောကြိုး ဖုန်းများကိုလည်း ဆက်လက် ပြောင်းလဲ တပ်ဆင်ပေးသွား မှာဖြစ်ကြောင်း၊ ယခုလို ပြောင်းလဲတပ်ဆင်လိုက်သည့်အတွက် ကြိုးလိုင်းထက် ပိုတည်ငြိမ်စွာ ဆက်သွယ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ကြိုးဖုန်းစနစ်တွင် ကြုံရလေ့ရှိသော လိုင်းပျက်တတ်ခြင်း၊ အခြေအနေ အရ လိုင်းပြုပြင်ချိန်ကြာမြင့်တတ်ခြင်းတို့ ကင်းဝေးပြီး မိမိလိုအပ်သည့် နေရာများကို အလွယ်တကူ ရွေ့ပြောင်း နိုင်ခြင်း၊ လိုင်းပျက်ခြင်းမှ ကင်းဝေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

K ခိုင် ပြန်/ဆက်