ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး လူထု‌အ‌ခြေပြု အဝါရောင် Mask Campaign ပြုလုပ်၍ အသိပညာပေးဆောင်ရွက်

ဒဂုံမြောက်  ဇန်နဝါရီ   

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်းပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည်ရွယ်၍ လူထု‌အ‌ခြေပြု အကောင်အထည်ဖော် စီမံချက်အရ အဝါရောင် Mask Campaign ကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်( ) ခုတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ အဝါရောင် Mask Campaign ဆောင်ရွက်ရာသို့ မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်‌ရေးမှူးဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ   ပါးစပ်နှာခေါင်းစည်း (mask) များဖြန့်ဝေပေးခြင်း၊ နိုးဆော်ဆောင်ရွက်ခြင်း တို့အား၂၉၊ ၃၂၊ ၃၃၊ ၄၈၊ ၅၀  ရပ်ကွက်များရှိ ဈေးများနှင့် ရပ်ကွက်များအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အနေဖြင့် မြို့နယ်အတွင်းနေထိုင်သောပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန် Mask Campaign များ၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး စစ်ဆေးအရေးယူမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Campaign အား အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

 မြင့်မြင့်ရီ(ပြန်/ဆက်)