ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က လူစည်ကားရာ ဈေးများ၊၊ ရုံးများကားဂိတ်၊ ဆိုက်ကား ဂိတ်များ၊ လမ်းသွားလမ်းလာ ပြည်သူ များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၂၀၂၀) ပြည့်နှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အ ထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့ထားသည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးကြေညာစာ တမ်းမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်၊ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေး ဦး တည်ချက်များ၊ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား ကောက် နုတ်ချက်များ၊ လွတ်လပ်ရေးအသိ လွတ်လပ်ရေး သတိ ကဗျာ၊ လွတ်လပ်ရေး သစ္စာအဓိဌာန် (၉) ချက်၊ စသည့်အကြောင်းအရာများပါဝင်ပြီး ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)