မင်းလှ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ သိရှိနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ထားရှိခြင်းကို ယနေ့တွင် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးများ၊ ဆန္ဒမဲပေးရာ၌ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးနံရံကပ်ပိုစတာများနှင့် ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ နှိုးဆော်ပြသပေးထားကြောင်း သိရသည်။
ပေါက်စ(မင်းလှ)