ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၁၈

ပထမဦးစွာ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ရလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။င်သွေးငယ်အကအဖွဲ့များ ကပြဖျော်ဖြေကြပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက ကာယစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ် (၁၅၀)ဦးတို့က  အပြေး၊ အံ့သွင်း၊ တူရာယှဉ်တွဲ (သင်္ချာအက္ခရာ)၊ အင်္ဂလိပ်အက္ခရာစဉ်၊ အရောင်ထပ်၊ ဖိနပ်စီး၊ စီပေါင်းခုန်၊ အရုပ်ခုန်၊ ကြိုးသီ၊ ဘူးဆင့်၊ PUZZIE စသည့် ကာယစွမ်းရည်ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော ရင်သွေးငယ်လေးများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)