ကြို့ပင်ကောက်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြို့ပင်ကောက် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အ.ထ.က(ပန်းတင်) ကျောင်းနှင့် လူစီကားရာနရာများတွင် “ဒို့အတူတူမဲပေးကြမယ်” လှုံဆော်ရေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတာဝန် ကျေပွန်စေရေးအတွက် မိမိတို့၏ မဲစာရင်းပါရှိရာမဲရုံများတွင် မဲပေးခြင်းကို ဆောင်ရွက်သွားနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း ဆက်လက်ပြီး လူစည်ကားရာနေရာများဖြစ်သာ ကားဂိတ်နှင့် မီးရထားဘူတာရုံတို့တွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အစီအစဉ်များဖြင့် ပြည်သူများ မဲရုံများသို့ သွားရောက်၍ မဲပေးနိုင်ရေး လှုံ့ဆော်မှုများ အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးနှင့် ဝန်ထမ်းများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ပြန်ဆက်)