မကွေးမြို့နယ်၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေး ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်များအား တပ်ဆင်ထားရှိသော မီးသတ်ဆေးဘူးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ လျှပ်စစ်မီးအသုံးပြုမှုများ စနစ်တကျ ရှိ/မရှိ၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)