ရေတာရှည် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို အမှတ် (၄) ရပ်ကွက် အ.လ.ကခွဲကျောင်းတွင် ယနေ့နံနက် (၉)နာရီမှစတင်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကျင်းပရာတွင် မူလတန်းမှအလယ်တန်းအဆင့်ထိ အတန်းလိုက် ကျောင်းသား၊ ကျောင်းသူလများက အာလူးကောက်၊မီတာ (၁၀၀) အပြေး၊ အိတ်စွပ်၊ ဆန်ကောရွက်၊ ဘောလုံးရိုက်အင်္ကျီဝတ်၊ ပူဖောင်းမှုတ်ခွက်ထပ်၊ ဘောလုံးစုပြေးစသည့် အားကစားနည်းမျိုးစုံတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ အားကစားဝါသနာပါလာပြီး ကိုယ်ကာယကျန်းမာကြံ့ခိုက်၍ ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင် နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)