ဒဂုံမြို့နယ်တွင် ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးကာ လိုအပ်သည့် ဆေးဝါးများပေးအပ်

ဒဂုံ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးကာ လိုအပ်သည့်ဆေးဝါးများ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံတီဘီရောဂါအသင်း MATA နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ၊ ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ဓာတ်မှန်ရိုက်ခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတီဘီရောဂါအသင်း MATA နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့်အတူနေမိသားစုဝင်များ စုစုပေါင်း ၂၀၀ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)