ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

‎‎ပခုက္ကူ ဒီဇင်ဘာ ၁၈

‎‎ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။  

‎‎၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး)၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ပခုက္ကူတက္ကသိုလ်တွင် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ သင်ကြားဆည်းပူးနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်