ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဟုမ္မလင်း ဇန်နဝါရီ  ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခန္တီးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးအောက် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်  စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ ဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ်အတွင်းရှိ ခတောင်ပွင့်ကျေးရွာအုပ်စု၊​ အောင်ဇေယျ လမ်းခွဲမှ သဝန်ထွက်ဝကျေးရွာထိ (၂)မိုင် (၃) ဖာလုံထိကျောက် ရောမြေလမ်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးနေရာသို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ မြို့နယ်စည်ပင် လက်ထောက်အင်ဂျင်နီယာ ဦးသန်းဌေးဦး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်ဝင်းနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်းများဖြင့် သည့် ခတောင်ပွင့်ကျေးရွာ၊ အောင်ဇေယျလမ်းခွဲမှ သဝန်ထွက် ဝကျေးရွာထိ (၂)မိုင်(၃)ဖာလုံရှိပြီး၊ တု (၆)လက်မ၊ အကျယ် (၁၂)ပေ၊ လမ်းအား (ACE CORNER) ကုမ္မဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းဆောင်ရွက် ပြီးစီး၍ ကျေးရွာ အုပ်စုနေ အိမ်ခြေ(၁၁၃၅)၊ လူဦးရေ (၃၀၅၉) ဦး၊ ဒေသခံပြည်သူများ၏ လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ပိုမိုဖွံ့ဖြိုး တိုက်လာ မည်ဖြစ်ကြောင်း သိရသည်။

လင်းလင်း (ပြန်/ဆက်)