လှိုင်းဘွဲ ဇန်နဝါရီလ ၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးလင်းခိုင်က လွတ်လပ်ရေး မရခင် လွတ်လပ်ရေး ဆုံးရှုံးရသည့် အကြောင်းအရာများ၊ သူ့ကျွန်ဘဝကနေ လွတ်လပ်ရေးရအောင် ကြိုးစားခဲ့ပုံအဆင့်ဆင့်၊ လွတ်လပ်ရေးကြီးကို ပြည်သူများအနေဖြင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ထိန်သိမ်းစောင့်ရှောက်ခြင်းနှင့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် လွတ်လပ် ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေးရအောင် ကြိုးစာဆောင်ရွက်မှုအဆင့်ဆင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)