သရက် ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပေတပင်ကျောင်းတိုက်အတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ခရိုင်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့နှင့် ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့ ပူးပေါင်း၍ မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ သီလရှင်ဆရာလေးများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)