ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်ကြီးအထိမ်းအမှတ် စတုဒိသာကျွေးမွေးခြင်းအပြင် ရွှေစည်အောင်အနုပညာအင်အားစုဇာတ်ပွဲ၊ မြန်မာ့ရိုးရာခြင်း အလှခတ်ပွဲ၊ စျေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ အပျော်စီးပင်လယ်ဓားမြလှေ၊ ကစားကွင်းများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့် အညာဒေသရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်းချပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)