We Love Hlaing မှ လှိုင်မြို့နယ်အတွင်း ရှိ ရပ် ကွက်များမှပုံမှန်ဝင်ငွေမရှိသူများအား စားနပ်ရိက္ခာများ ပေးပို့လှူဒါန်း

ရန်ကုန်    ဇန်နဝါရီ    

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၁၂)ရပ်ကွက်၊ အမှတ် (၁၃)ရပ်ကွက်၊အမှတ်(၁၅)ရပ်ကွက်များသို့ We Love Yangon ဥက္ကဌ ဆရာမ ဒေါ်သန်းမြင့်အောင်၏စီစဉ်ဖြင့်အလှုရှင် Wave Money ကိုယ်စား We Love Yangon (Hlaing)မှပုံမှန်ဝင်​ငွေမရှိ​သောအ​ခြေခံလူတန်းစားအိမ်ထောင်စု (၅၆) စုသို့ ယမန်​​နေ့နံနက်ပိုင်းက အ​​ခြေခံစား​သောက်ကုန်များအိမ်တိုင်ရာရောက်ပေးပို့လှူဒါန်း ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှူများမှာ လှိုင်မြို့နယ်အတွင်းရှိပုံမှန်ဝင်ငွေမရှိ​သော အခြေခံလူတန်းစား အိမ်ထောင်စု (၅၆)စု အတွက် အိမ်ထောင်စု (၁) စုလျှင်ဆန်(၆)ပြည်၊ ဆီ ၅၀ကျပ်သား၊ ငါး သေတ္တာ (၁၀)ဘူး ၊ ခေါက်ဆွဲခြောက် (၃၀) ထုတ်၊ Royal- D အားဖြည့်အချိုရည် (၁၂)ဘူး၊ ကြက်သား မှုန့် (၁) ထုတ်တို့အား We Love Hlaing အဖွဲ့သားများမှ အိမ်တိုင်ရာရောက် သွားရောက်ပေးပို့လှူဒါန်းခဲ့ ကြောင်းနှင့် နောက်တစ်နေ့ တွင်လည်း လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ ပုံမှန်ဝင်​ငွေမရှိ​သောအိမ်ထောင်စု (၄၄) စုတို့အား ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ရာ စုစု​ပေါင်းအိမ်​ထောင်စု (၁၀၀) အားသွား​ရောက်လှူဒါန်း မည်ဖြစ်​ကြောင်း သတင်း ရရှိပါသည်။

ကြည်ဇေသော် (ပြန်/ဆက်)