ယင်းမာပင် ဒီဇင်ဘာ၂၀
ယင်းမာပင်မြို့၌ လူငယ်များစာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ယင်းမာပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီမှူး ဒေါ်မြင့်မြင့်အေးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာရေးဆရာ ကိုရွှေရင်အေးရေးသားသည့် ‘ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်’ စာအုပ်မှ ‘စူးစမ်းနဲ့စပ်စု’ ဆောင်းပါးအား Book Club အဖွဲ့ဝင် ဦးသန့်ဇင်အောင်က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည့်အပြင် စာပေချစ်မြတ်နိုးသူများနှင့်လည်း လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)