ထီးလင်း ဇန်နဝါရီ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က စီစဉ်ထုတ်ဝေသော ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅) အမှတ်(၁)ကို ယနေ့ နံနက် ၇ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယာယီဈေးနေရာ၌ ဖြန့်ဝေပေး ခဲ့သည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ထီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ယာယီဈေးအတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများအား (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ လက်ကမ်း စာစောင်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မိန့်ခွန်း ကောက်နုတ် ချက်၊ လွတ်လပ်ရေးနေ့ နှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ၏မိန့်ခွန်း ကောက်နုတ်ချက်များ၊ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေး နေ့နှင့် ပတ်သက်၍ အဆို အမိန့်များ၊ ကဗျာနှင့်ကာတွန်းများ စသည်တို့ကို ဖော်ပြပါရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)