ဝက်လက် ဇန်နဝါရီ ၂
စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် နှင့် (၁၅) မိုင် ကွာဝေးသော ရွာသစ်ကျေးရွာရှိ အိမ်ထောင် စုများသည် မိရိုးဖလာ အိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရပါသည်။
မြေအိုအမျိုးမျိုး ပြုလုပ်တော့ရာတွင် ပထမဦးစွာ မြေကြီးကျင်းမှ နှုံးမြေ၊ မြေနီ ၊မြေစေး တို့ကို လှည်းဖြင့် တိုက်၍ အိမ်တွင် စုပုံထားကြကြောင်း ၊ အဆိုပါမြေများကို နှုံးမြေ တစ်ဆ၊ မြေနီ နှစ်ဆ ၊မြေစေး တစ်ဆ တို့ကို ရော၍ အင်တုံထဲသို့ ထည့်ကာဆရ စိမ်ထားရှိရကြောင်း၊ မြေများနူးပြီဆိုပါက စေးသွားအောင် ဖျာပေါ်သို့ ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ် နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့်ခုံ ပေါ်တွင်တင်ကာ လက်ဖြင့် ပုံဖေါ် ခြင်း၊ဒေသအခေါ်ဝေါ် မော်ပြီး အဆင့်ဆင့် ပြုလုပ်ကာ၊မီးဖုတ်ရကြောင်း သိရပါသည်။
ရွာသစ်ကျေးရွာ မှ ထွက်ရှိသော ညောင်ရေအိုးတစ်လုံးကို (၅၀၀) ကျပ်၊ ပန်းရိုက် သောက်ရေအိုး တစ်လုံး (၁၀၀၀) ကျပ် ၊ သောက်ရေအိုး အချော (၁၂၀၀) ကျပ် ၊ဇီးကွက် မြေစုဗူး ( ၁၅၀၀) ကျပ် ၊ဟင်းအို တစ်လုံး ( ၅၀၀) ကျပ်၊ ပဲလှော်မြေဒယ် (၁၀၀၀) ကျပ်တို့ဖြင့် ဝက်လက်မြို့သို့ ကားဖြင့် သွာရောက်ရောင်းချရကြောင်း နှင့်မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ရွာသစ် ကျေရွာနေ မြေအိုးအမျိုးမျိုး ပြုလုပ်သူ မချိုနွဲ့၏ ပြောကြားချက်အရ သိရှိပါသည်။
စိုးစိုးလှိုင် (ဝက်လက်)