မကွေး ဒီဇင်ဘာ ၂၀
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ (စတုတ္တပတ်)ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၅ နာရီက မကွေးမြို့၊ တိုင်း အားကစားကွင်းရှေ့၌ ကျင်းပသည်။
အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲ(စတုတ္တပတ်)သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူ လူထုများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၅၁၀၀) ကျော် ပျော်ပျော် ရွှင်ရွှင်ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက် ပါဝင်ဆင်နွှဲကြသူများသည် တိုင်းအားကစားကွင်းမှစတင်၍ ပြည်တော်သာလမ်း၊ ထိုမှတဆင့် မြို့ပတ်လမ်းတစ်လျှောက်၊ အ.ထ.က(၁)လမ်းမှ အဝေရာလမ်း အတိုင်းစုပေါင်းလမ်းလျှောက်၍ တိုင်းအားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁ + ၂) နှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက် ပါဝင်သူများအား အချိုရည်နှင့် မုန့်များ ဝေငှပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထူ အားကစားလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ သံလုံးပြစ်ပြိုင်ပွဲ၊ အပျော်တမ်း သံပုံးရိုက်ပြိုင်ပွဲ၊ ဘောလုံးဂိုး ကျဉ်းသွင်းပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲ ကျင်းများကျင်းပခဲ့သည်။
အဆိုပါ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(စတုတ္တပတ်)ကို ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး တိုင်းဒေသကြီး ခရိုင်/မြို့နယ် များတွင်လည်း တစ်ပြိုင်တည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)