ရေနံချောင်း ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်နှင့် အထွက်နူန်း မကောင်းရခြင်း အကြောင်းအရင်းများအား မေးမြန်းစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က ဘူးကျွန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ စစ်တမ်းကောက်ယူရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းတာဝန်ခံများက တောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် အဓိကသီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်းပြီး ပန်းတိုင်ရည်မှန်းချက်နှင့် အထွက်နှုန်းမကောင်းရခြင်းနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ အပြည့်အဝရရှိခြင်း ရှိ/မရှိ၊ သဘာဝမြေဩဇာ ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ခြင်း ရှိ/မရှိ၊ စိုက်ပျိုးရေလုံလောက်မှု ရှိ/မရှိ၊ မြေပြုပြင်မှုနှင့် ပင်ကြားတန်းကြားစိုက်ပျိုးနည်း မှန်/မမှန် မေးမြန်းစစ်တမ်းကောက်ယူကာ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးနည်းပညာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)