တောင်ငူ ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေးကြသည်။
(၂၈-၁၂-၂၀၂၅)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁)၌ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅) (ခ) အကျုံးဝင်သော မဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့အစည်းဝင်များ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ရမည့်သူများသည် (၁၈-၁၂-၂၀၂၅)ရက်နေ့မှ (၂၇-၁၂-၂၀၂၅)ရက်နေ့အထိ နံနက် (၈)နာရီမှ ညနေ (၆)နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ယနေ့တွင် တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၈) ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)