ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အမှတ်(၉၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက  အမှတ် (၉၂) ရပ်ကွက်၊ ဘောလုံးကွင်းတွင် ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ စစ်ရေးပြမှူးမှ ဦးဆောင်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြုကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲဝင်များအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ယုဇန (EIM) အဖွဲ့မှ Fitness Dance ဖြင့်လည်းကောင်း၊ ရွှေတောင်ဦး ပရဟိတကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ပွဲစဉ် (၁) ပြိုင်ပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဘောလုံးကန်၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး Sittaung FC အသင်းနှင့် ထွေ/အုပ်အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)