သာယာဝတီမြို့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

သာယာဝတီ   ဒီဇင်ဘာ   ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ယနေ့မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမဲရုံများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၁၀) ရက်တာ ကြိုတင်မဲပေးခြင်းကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မဲရုံတာဝန်ကျ ဝန်ထမ်းများက နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် လွတ်လပ်စွာ ကြိုတင်မဲပေးခြင်းကို  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရပ်ကျေးကော်မရှင်များနှင့်အတူ ကြီးကြပ်စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)