သန်လျင် ဇန်နဝါရီ ၂
သန်လျင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ ညနေပိုင်းတွင် သန်လျင် မြို့ မဈေးကြီး ၌ အဝါရောင် campaign ပြုလုပ်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဈေးဝယ်လာသူများ ၊ဈေးရောင်းသူများ ၊လမ်းသွားလမ်းလာများ၊ ကယ်ရီဆွဲသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာ နေပါ၊ တစ်ဦးကို တစ်ဦး အသိပေးပါ၊ သတိပေးပါ စာတမ်းများပါရှိသည့် တီရှပ်များ၊ နှာခေါင်း စည်း Mask များကို ရန်ကုန်တောင်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ် ရေးမှူး ဦးနေဝင်းအောင်၊ သန်လျင မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာမြကြေးမုံ၊ သန်လျင်မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီဝင်များ ၊မြို့နယ်စည်ပင် အမှုဆောငိအရာရှိ ဦးသိုက်စိုးနှင့် လူမှုရေး အသင်းအဖွဲ့များက လိုက်လံပေးဝေပြီး အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အလားတူ သန်လျင်မြို့နယ် ဘုရားကုန်းစျေးနှင့်ထားမလုံစျေး တို့၌အဝါရောင် campaign လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဝါရောင် Campaign အစီအစဉ်တွင် Mask တပ်ပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး သတိပေးပါ စသည့်အချက်များကို ပြည်သူများ အလေ့အထတစ်ခုအဖြစ် စွဲမြဲ သတိပြုနေ ထိုင်ရေးအတွက် အသိပညာပေးသော အစီအစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)