ကလေးဝမြို့ပေါ်ရှိ မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ကလေးဝ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့် တပ်ဖွဲ့ဝင်များက မဲရုံပြုလုပ်မည့် နေရာ (၅) နေရာများအား လျှပ်စစ်ဝါယာကြိုး ဆိုလာနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးသတ်ဆေးဗူးနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်း၍ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကလေးဝမြို့နယ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)