ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စေတနာရှင်ပရဟိတ အသင်း- ရန်ကုန်သို့ ကိုဗစ်-၁၉ ရောဂါကာလ အရေးပေါ် ကျန်းမာရေး ကူညီပို့ဆောင်မှုများတွင် ယာဉ်အတွက် လိုအပ် သည်များ အသုံးပြုရန်အလှူငွေများ လာရောက် လှူဒါန်းပေး လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုနေလင်းထွန်း+ မစန်းစန်းဝေ မိသားစုမှလူနာတင်ယာဥ် စက်သုံးဆီတစ်နှစ်စာအတွက် လှူဒါန်းငွေကျပ် (၁၂၀၀၀၀)၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မနော်အေးခင်ခင်နှင့် မရီရီလင်းတို့မှလှူဒါန်းငွေ (၁၀၀၀၀၀)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အမှတ် (၁၂) ရပ်ကွက်နေ ညီညီ (5) Mobile Sales & Service မှလှူဒါန်းငွေ (၅၀၀၀၀) တို့အား အသီးသီးလှူဒါန်းခဲ့ကြရာ စေတနာရှင် ပရဟိတအသင်း ကိုယ်စား အတွင်းရေးမှူး ကိုဖြိုးမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စေတနာရှင်ပရဟိတအသင်းအဖွဲ့အနေဖြင့် မြိုနယ်အတွင်း ဖွင့်လှစ်ထားသည့် အသွား အလာကန့် သတ်စောင့် ကြည့်နေရာများသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိ သူများကို ပို့ဆောင် ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များသို့ ပြန်လည်ပို့ ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းစသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်း လိုပါက ဖုန်း-၀၉/ ၂၆၁၇၄၀၄၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)