တောင်ငူ ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးကြပ်၍ မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကေတုရတနာခန်းမနှင့် အ.ထ.က (၄) ကျောင်းတို့၌ မွမ်းမံသင်တန်းဖွင့်လှစ်သည်။
တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရာတွင် မဲပေးစက်ကိုင်မည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းကို ကေတုရတနာခန်းမနှင့် အ.ထ.က (၄) ကျောင်းတို့၌ သင်တန်းနည်းပြ (၂၈)ဦးမှ သင်ကြားပို့ချ လျက်ရှိရာ တောင်ငူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာများ စုစုပေါင်း (၅၉၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)