နတ်မောက်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူး  ဒေါ်ဥမ္မာခင်က (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဦးမျိုး (မကွေး) က လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် လွတ် လပ်ရေး သစ္စာအဓိဌာန် (၉) ချက်တို့ကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)