လသာ ဇန်နဝါရီလ ၂
ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့မှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် "Stop Covid၊ အဝါရောင် Campaign" ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အနော်ရထာလမ်းတလျောက် ခရီးသွားပြည်သူ များနှင့် ရပ်ကွက်နေပြည်သူများအား ပါးစပ် နှာခေါင်းစည်း(mask)၊ မျက်နှာအကာ (Faceshield)များ စနစ်တကျ တပ်ဆင်ရေး အသိပညာပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း(mask)၊ မျက်နှာအကာ (Faceshield) များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ campaign အစီအစဥ်တွင် mask တပ်ပါ၊ လက်ဆေးပါ ၊ ခပ်ခွာခွာနေပါ၊ တစ်ဦး ကိုတစ်ဦးသတိပေးပါစသည့် အချက်များကို ပြည်သူများအလေ့အထတစ်ခုအဖြစ် စွဲမြဲသတိပြု နေထိုင်ဖို့အတွက် လှုံ့ဆော်ပေးသော အစီအစဉ်တစ်ခုဖြစ်ကြောင်းသိရှိရသည်။
မေသူ(ပြန်/ဆက်)