တောင်တွင်းကြီး ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာများမှာ တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်) တွင် ဆေးကုသမှုခံယူနေသည့် သီရိမင်္ဂလာကျေးရွာမှ အသက် (၂၀) နှစ်အရွယ် အမျိုးသမီး (၁) ဦး နှင့် အသက် (၃၀) နှစ်အရွယ် အမျိုးသမီး (၁) ဦး၊ Alliance ချေးငွေလုပ်ငန်းမှ အသက် (၂၂) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ဖြစ်သည်။
အဆိုပါ လူနာများမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီ ဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇) ရက် ဆက်လက် နေထိုင်ရမည် ဖြစ်ကြောင်းနှင့် တာ၀န်ရှိသူများက အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့နံနက်အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၁၈၅)ဦးရှိပြီဖြစ်ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၆၇) ဦး၊ ဆေးရုံတွင် စောင့်ကြည့်ကုသဆဲအဖြစ် ပရပ်ကြယ် တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်) တွင် (၁၈) ဦး ကျန်ရှိပြီး အဆိုပါပိုးတွေ့လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)