တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံ

တောင်ငူ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ၊ ဆရာ၊ဆရာမများကြိုတင်ဆန္ဒမဲပေးနှံကြသည်။

တောင်ငူမြို့နယ်ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများသည် ၁၈-၁၂-၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ရက်နေ့အထိ နံနက်၈နာရီမှ ညနေ၆နာရီအထိ  ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်ပြီး ယနေ့တွင် မြို့ပေါ်ရပ်ကွက်( ၂၃)ခု၊ ကျေးရွာအုပ်စု (၃၃) တို့မှ မဲရုံ (၁၄၂) ရုံရှိ တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ၊ ဆရာ၊ ဆရာမများက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်)  ပဲခူးတိုင်းဒေသကြီး လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ သက်ဆိုင်ရာ မဲဆန္ဒအလိုက်ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ()ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)