ဇီးကုန်း ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ရာ ဇီးကုန်းမြို့နယ်မှ ပူဇော်ကန်တော့ခွင့်ရသည့် ဆရာကြီးဦးအေးရွှေ(နေဝန်းနီ)အား မြို့နယ်စာရေးဆရာအသင်းမှ ထပ်ဆင့်ပူဇော်ကန်တော့ပွဲကို ယနေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း)က ကန်တော့ပွဲကျင်းပရခြင်းကိုပြောကြားပြီး၊ အတွင်းရေးမှူးဦးတင်မောင်ဝင်း(သူရိန်ဝင်း-ဇီးကုန်း)က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ထို့နောက်မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ပူဇော်ကန်တော့သော ကန်တော့ငွေအား ဇီးကုန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ထွန်းမှ ဗဟိုကော်မတီကိုယ်စား ဆရာနေဝင်းနီအား ပူဇော်ကန်တော့ခဲ့သည်။ ဆက်လက်၍ ကန်တော့ခံဆရာကြီး နေဝင်းနီက ကျေးဇူးတင်ဝမ်းမြောက်ဩဝါဒစကား ပြောကြားခဲ့ကြားကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)